ACTC-MYANMAR : Create Line by Station/Offset
ATCT-MYANMAR ကနေ ဒီနေ့ ပြောပြပေးမှာကတော့ alignment တခုရဲ့ Station/Offset တန်ဖိုးများကို ကိုးကားပြီး လိုင်းဆွဲသားနည်း ဖြစ်ပါတယ်။ မဆွဲခင် ဘာတေလိုအပ်မလဲ။ အခု ပြောပြမယ့်နည်းကို အသုံးပြုဖို့ alignment တခု ရှိရပါမယ်။ alignment မှာပါဝင်တဲ့ Station လို့ ခေါ်တဲ့ အကွာအဝေး သတ်မှတ်ချက်များနဲ့ ဘယ်/ညာ Offset တန်ဖိုးများကို အသုံးပြုရတာမို့ သာမန် line, polyline တို့မှာ ဒါကို အသုံးပြုလို့ မရပါဘူးခင်ဗျာ။ အောက်မှာထည့်ပေးထားတဲ့ လက်တွေ့ရေးဆွဲထားတဲ့ video ကို ကြည့်ပြီးလည်း လေ့လာနိုင်ပါတယ်ခင်ဗျာ။ လက်တွေ့စဆွဲပါမယ်။ အခု စဆွဲဖို့အတွက် Home Tab > Draw Panel > Line > Create Line by Station/Offset ကို သွားကလစ်ပါမယ်။ Alignment ရွေးခိုင်းနေပြီ ဖြစ်တဲ့အတွက် မိမိ အကိုးအကားပြုလိုတဲ့ alignment တခုကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ပုံမှာပါတဲ့ Alignment ကို ကလစ်လုပ် ရွေးပေးပါ။ Alignment ရွေးပြီးချိန်မှာ Station တန်ဖိုး တောင်းနေပါပြီ။ ဒီအတွက် အစမှတ်ရှိမယ့် Station ကို 80 လို့ ရိုက်ထည့်ပြီး Enter ခေါက်ပေးပါ။ အခုဆိုရင် Alignment ကနေ ဘယ်လောက်ကွာဝေးမယ်ဆိုတဲ့ Offset တန်ဖိုး သတ်မှတ်ပေးရပါတော့မယ်။ အစမှတ်က Align