Posts

ACTC-MYANMAR : Create Line from End of Object

Image
တခါတလေ ဆွဲပြီးသား လိုင်း အတိုင်း အဖြောင့် ဆက်ဆွဲချင်တာ သို့မဟုတ် မျဉ်းကွေးကနေ Tangent လိုင်းတခု ဆက်ဆွဲဖို့ လိုအပ်တာမျိုး ကြုံနိုင်ပါတယ်။ အခု ဆွဲပြတဲ့နည်းနဲ့ဆို သိခဲ့ဖူးတဲ့ အလွယ်ဆုံးနည်းထက်တောင် ပိုလွယ်တာ တွေ့ရမှာမို့ ဆက်ကြည့်လိုက်ရအောင်။ အဲလို ရှိပြီးသား လိုင်းတခုရဲ့ သို့မဟုတ် မျဉ်းကွေးတခုရဲ့ အဆုံးကနေပြီးတော့ လိုင်းဆက်ဆွဲချင်တဲ့အခါ အလွယ်တကူ အသုံးပြုနိုင်တဲ့ ဒီနည်းလမ်းနဲ့ ရေးဆွဲနိုင်ပါတယ်။ လိုင်းကနေ ဆက်ဆွဲရင်တော့ အဖြောင့်လိုင်းပဲ ရရှိမှာ ဖြစ်ပြီး မျဉ်းကွေးကနေ ဆက်ဆွဲတဲ့ အခါမှာတော့ တန်းဂျင့်လိုင်း ရရှိမှာ ဖြစ်ပါတယ်။ Powerful ဖြစ်တဲ့ Civil 3D ရဲ့ စွမ်းဆောင်ချက်များကြောင့် ဒါကို အလွယ်တကူ လုပ်ဆောင်နိုင်မှာပါ။ အခုစဆွဲကြည့်ပါမယ်။ 1.       ပထမဦးစွာ Home Tab > Draw Panel > Line Drop-down menu > Create Line from End of Object ကို ကလ စ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.       မျဉ်းကွေး သို့မဟုတ် မျဉ်းကို ရွေးပေးဖို့ တောင်းဆိုနေတာ Command Line မှာ မြင်တွေ့ရပါမယ်။ 3.       ရေပြင်ညီလိုင်းကို အရင် ကလစ်လုပ်ပြီး ရွေးပေးလိုက်ပါ။ ဒါဆို ဆက်ဆွဲမယ့် အကွာအဝေး သတ်မှတ်ပေးဖို့ တောင်းပါမယ်။ 4.

Civil 3D Tutorial : How to Easily Edit Length of the Line

Image
  ACTC-MYANMAR က အခုတင်ဆက်ပေးချင်တဲ့နည်းလမ်းက Create Line by Extension နည်း ဖြစ်ပါတယ်။ လိုင်းတခုရဲ့ အလျားကို တိုစေ၊ ရှည်စေချင်တဲ့အခါ ဒီနည်းကို အသုံးပြုနိုင်ပါတယ်။ သူ့မှာ ရွေးချယ်စရာ Option ၂ ခု ပါဝင်ပြီး ပြောင်းလဲချင်တဲ့ပမာဏဖြစ်စေ၊ စုစုပေါင်းအလျားကို ဖြစ်စေ သတ်မှတ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ AutoCAD က Lengthen အသုံးပြုနည်းနဲ့ ဆင်တူပေမယ့် ပိုပြီး လွယ်ကူ ရိုးရှင်းတာတွေ့ရပါမယ်။ ဆွဲသားနည်း အဆင့်ဆင့်ကို အောက်မှာ ရေးပေးထားသလို လက်တွေ့ဆွဲပြထားတဲ့ video ကိုလည်း ထည့်ပေးထားပါတယ်။ အခု စဆွဲပါမယ်။ 1.       ပထမဦးစွာ Home Tab > Draw Panel > Line Drop-down menu > Create Line by Extension ကို ကလ စ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.       Select Line Object ဆိုပြီး ပြောင်းလဲချင်တဲ့ လိုင်းရွေးပေးဖို့ တောင်းနေပါမယ်။ 3.       ဘယ်ဖက်က အလျား ၂၀၀’ ရှိတဲ့ လိုင်းကို ကလစ်လုပ်ပြီး ရွေးပေးလိုက်ပါ။ ဒါဆို Specify distance to change or ( T otal) ဆိုပြီး ပေါ်လာပါမယ်။ 4.       စုစုပေါင်း အလျားကို ဖော်ပြပြီး ဆွဲမှာ ဖြစ်တဲ့အတွက် ( T otal) ကို ကလစ်လုပ်ပြီး ရွေးလိုက်ပါမယ်။ 5.       ဒါဆို Specify total distance ,

Civil 3D Tutorial : Side-Shot သုံးပြီး လိုင်းဆွဲမယ်

Image
  ACTC-MYANMAR ကနေ အခု တင်ဆက်တဲ့နည်းလေးကတော့ ကွင်းဆင်းတိုင်းတာထားတဲ့ bearing/ distance စတဲ့ အချက်အလက်များကို သုံးပြီး ဆွဲသားရမှာ ဖြစ်တဲ့အပြင် အချိန်နဲ့ တပြေးညီ သရုပ်ဖော်ပုံလေးတွေလည်း မြင်နေရတာမို့ တကယ်ကွင်းထဲမှာ တိုင်းနေရသလို ဖီလင်မျိုးကို ဒီနည်းလမ်းက ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဆွဲသားနည်း အဆင့်ဆင့်ကို အောက်မှာ ရေးပေးထားသလို လက်တွေ့ဆွဲပြထားတဲ့ video ကိုလည်း ထည့်ပေးထားပါတယ်။ အခု စဆွဲပါမယ်။ 1.       ပထမဦးစွာ Home Tab > Draw Panel > Line Drop-down menu > Create Line by Side Shot ကို ကလ စ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.       အခြေခံလိုင်း သို့မဟုတ် ပွိုင့်ကို သုံးပြီး ဆွဲမလားဆိုတာ ရွေးပေးရမှာ ဖြစ်ပါတယ်။ 3.       ကျွန်တော်တို့ကတော့ လိုင်း အသုံးပြု ဆွဲမှာ ဖြစ်တဲ့အတွက် ဘယ်ဖက်က အဖြူရောင်လိုင်း အောက်နားကို ကလစ်လုပ် ရွေးလိုက်ပါ။ ကလစ်လုပ်တဲ့ နေရာနဲ့ နီးတဲ့အစွန်းကို Occupy Point အဖြစ် အသုံးပြုတာ ဖြစ်ပါတယ်။ 4.       အခု ပထမပွိုင့်ရဲ့ တည်နေရာကို အခြေခံပွိုင့်ကနေ မူတည်တိုင်းတာ ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ထောင့်တန်ဖိုးက ၄၅ ဒီဂရီ ဖြစ်ပြီး အကွာအဝေး ၁၀၀ ပေ မှာ တည်ရှိတာ ဖြစ်ပါတယ်။ ဒီတော့ ၄၅ လို့

ACTC-MYANMAR : Create Line by Station/Offset

Image
ATCT-MYANMAR ကနေ ဒီနေ့ ပြောပြပေးမှာကတော့ alignment  တခုရဲ့  Station/Offset တန်ဖိုးများကို ကိုးကားပြီး လိုင်းဆွဲသားနည်း ဖြစ်ပါတယ်။ မဆွဲခင် ဘာတေလိုအပ်မလဲ။ အခု ပြောပြမယ့်နည်းကို အသုံးပြုဖို့ alignment တခု ရှိရပါမယ်။ alignment မှာပါဝင်တဲ့ Station လို့ ခေါ်တဲ့ အကွာအဝေး သတ်မှတ်ချက်များနဲ့ ဘယ်/ညာ Offset တန်ဖိုးများကို အသုံးပြုရတာမို့ သာမန် line, polyline တို့မှာ ဒါကို အသုံးပြုလို့ မရပါဘူးခင်ဗျာ။ အောက်မှာထည့်ပေးထားတဲ့ လက်တွေ့ရေးဆွဲထားတဲ့ video ကို ကြည့်ပြီးလည်း လေ့လာနိုင်ပါတယ်ခင်ဗျာ။ လက်တွေ့စဆွဲပါမယ်။ အခု စဆွဲဖို့အတွက် Home Tab > Draw Panel > Line > Create Line by Station/Offset ကို သွားကလစ်ပါမယ်။ Alignment ရွေးခိုင်းနေပြီ ဖြစ်တဲ့အတွက် မိမိ အကိုးအကားပြုလိုတဲ့ alignment တခုကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ပုံမှာပါတဲ့ Alignment ကို ကလစ်လုပ် ရွေးပေးပါ။ Alignment ရွေးပြီးချိန်မှာ Station တန်ဖိုး တောင်းနေပါပြီ။ ဒီအတွက် အစမှတ်ရှိမယ့် Station ကို 80 လို့ ရိုက်ထည့်ပြီး Enter ခေါက်ပေးပါ။ အခုဆိုရင် Alignment ကနေ ဘယ်လောက်ကွာဝေးမယ်ဆိုတဲ့ Offset တန်ဖိုး သတ်မှတ်ပေးရပါတော့မယ်။ အစမှတ်က Align

Civil 3D မှာ Deflection Angle အသုံးပြု လိုင်းဆွဲသားနည်း

Image
 AutoCAD Civil 3D Training Center Myanmar က အခု ပြောပြတင်ဆက် ပေးချင်တာကတော့ Deflection Angle အသုံးပြု လိုင်းဆွဲသား  နည်း ဖြစ်ပါတယ်။  လည်ထောင့်တန်ဖိုးများကို မူတည်ရပ်ကနေ နာရီလက်တံ လားရာအတိုင်းသော်လည်းကောင်း၊ နာရီလက်တံလားရာ ပြောင်းပြန်အတိုင်း သော်လည်းကောင်း သတ်မှတ် ထည့်သွင်းနိုင်ပါတယ်။ အောက်မှာ လက်တွေ့ဆွဲပြထားတဲ့ video လည်း ထည့်ပေးထားပါတယ်ခင်ဗျာ။ စဆွဲကြည့်ရအောင်။ အခု စဆွဲဖို့အတွက် Home Tab > Draw Panel > Line > Create Line by Deflection ကို သွားကလစ်ပါမယ်။ အစပွိုင့်တောင်းချိန်မှာ P1 ကို ကလစ်ချပြီး အစမှတ်အဖြစ် သတ်မှတ်ပေးပါ။ Bearing 0 ကပ်ဖို့အတွက် မေးလာရင် ပွိုင့်ကို Backsight ယူမှာဖြစ်တဲ့အတွက် .P ကို ကလစ်နှိပ်ပြီး Point option ယူလိုက်ပါမယ်။ .N ကိုတော့ Northing, Easting တန်ဖိုးများ ထည့်သွင်းသတ်မှတ်လိုပါက အသုံးပြုနိုင်ပါတယ်။ . G ကတော့ အရာတခုကို ကလစ်လုပ် ရွေးချယ်ပြီး သတ်မှတ်လိုပါက အသုံးပြုဖို့ ဖြစ်ပါတယ်။ အခု Point option ရွေးထားတာ ဖြစ်လို့ ပွိုင့်နံပါတ်တောင်းချိန်မှာ 2 လို့ ရိုက်ထည့် သတ်မှတ်ပေးလိုက်ပါတယ်။ အခုဆို Backsight လိုင်းသတ်မှတ်ပြီးဖြစ်လို့ လည်ထောင့်သတ်မှတ်ပေးလို့ ရပါပြီ

Civil3D Tutorial : Create Line by Angle

Image
AutoCAD Civil3D Training Center - Myanmar ကနေ  အခု ပြောပြချင်တာကတော့ Create Line by Angle နည်း ဖြစ်ပါတယ်။  လည်ထောင့်တန်ဖိုးများကို နာရီလက်တံ လားရာအတိုင်းသော်လည်းကောင်း၊ နာရီလက်တံလားရာ ပြောင်းပြန်အတိုင်း သော်လည်းကောင်း သတ်မှတ် ထည့်သွင်းနိုင်ပါတယ်။ Video ဖိုင်လည်း အောက်မှာ ထည့်ပေးထားတဲ့အတွက် အဆင်ပြေမယ် ထင်ပါတယ်။ Step by Step Guide အခု စဆွဲဖို့အတွက် Home Tab > Draw Panel > Line > Create Line by Angle ကို သွားကလစ်ပါမယ်။ အစပွိုင့်တောင်းချိန်မှာ P1 ကို ကလစ်ချပြီး အစမှတ်အဖြစ် သတ်မှတ်ပေးပါ။ Bearing 0 ကပ်ဖို့အတွက် မေးလာရင် ပွိုင့်ကို Backsight ယူမှာဖြစ်တဲ့အတွက် .P ကို ကလစ်နှိပ်ပြီး Point option ယူလိုက်ပါမယ်။ .N ကိုတော့ Northing, Easting တန်ဖိုးများ ထည့်သွင်းသတ်မှတ်လိုပါက အသုံးပြုနိုင်ပါတယ်။ . G ကတော့ အရာတခုကို ကလစ်လုပ် ရွေးချယ်ပြီး သတ်မှတ်လိုပါက အသုံးပြုဖို့ ဖြစ်ပါတယ်။ အခု Point option ရွေးထားတာ ဖြစ်လို့ ပွိုင့်နံပါတ်တောင်းချိန်မှာ 2 လို့ ရိုက်ထည့် သတ်မှတ်ပေးလိုက်ပါတယ်။ အခုဆို Backsight လိုင်းသတ်မှတ်ပြီးဖြစ်လို့ လည်ထောင့်သတ်မှတ်ပေးလို့ ရပါပြီ။ ၄၅ ဒီဂရီ လိုင်းလိုချင်တာ ဖြစ်တဲ့အတွက

AutoCAD Civil3D Training Center