Civil 3D Tutorials : ဗဟိုခံဆောင့်ထောင့်သုံး Arc ဆွဲသားခြင်း နောက်တနည်း
ယခင်တင်ဆက်ပြီးသား ဗဟိုခံဆောင့်ထောင့်သုံး Arc ဆွဲနည်းလေးနဲ့ သံတူကြောင်းကွဲ ဒုတိယနည်းလေးကို မိတ်ဆွေများအတွက် AutoCAD Civil 3D Training Center Myanmar ကနေပြီး ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ အခုနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ အစမှတ်၊ အဆုံးမှတ် နှင့် အဲဒီမျဉ်းကွေးကို ခံဆောင်ထားတဲ့ ဗဟိုခံဆောင်ထောင့် တို့ကို သတ်မှတ် ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။ 1. ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > Start, End , Angle ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2. Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။ 3. ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် အစမှတ်တောင်းနေတာ တွေ့ရပါမယ်။ အောက်ဆုံးက ကြက်ခြေခတ်ပုံစံ ပွိုင့်ကို အစမှတ်အဖြစ် ကလစ်လုပ်ပြီး သတ်မှတ်ပေးပါ။ 4. ဒါဆို ဒုတိယအနေနဲ့ စက်ဝန်းပြတ် အဆုံးမှတ်ကို ဆက်တောင်းပါမယ်။ အပေါ်ဆုံး မှာရှိတဲ့ ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး Arc အဆုံးမှတ် အဖြစ် သတ်မှတ်ပေးပါ။ 5. အခုဆိုရင် မျဉ်းကွေး Arc ကို ခံဆောင်ထားတဲ့ အတွင်းထောင့်တန်ဖိုး သတ်မ