Civil 3D Tutorial : Create Arc by Center, Start, Length
AutoCAD Civil 3D Training Center Myanmar ကနေပြီးတော့ Arc ဆွဲသားနည်းများ တင်ဆက်ပေးလာရာမှာ အခု ဒဿမမြောက်ဖြစ်တဲ့ Center, Start, Length နည်းကို ရောက်ရှိလာပါပြီ။ အခုနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ ဗဟိုမှတ်၊ အစမှတ် နှင့် လေးကြိုးအလျား Chord Length အစရှိသည် တို့ကို သတ်မှတ် ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။ 1. ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > Center, Start, Length ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2. Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။ 3. ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် ဗဟိုမှတ်တောင်းနေတာ တွေ့ရပါမယ်။ အလယ်မှာရှိတဲ့ ကြက်ခြေခတ်ပုံစံ ပွိုင့်ကို ဗဟိုမှတ်အဖြစ် ကလစ်ပြီး သတ်မှတ်ပေးပါ။ 4. ဒါဆို စက်ဝန်းပြတ် အစမှတ်ကို ဆက်တောင်းပါမယ်။ အပေါ်ဆုံး မှာရှိတဲ့ ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး Arc အစမှတ် အဖြစ် သတ်မှတ်ပေးပါ။ 5. အခုဆိုရင် ကိုယ်ဆွဲချင်တဲ့ Arc ရဲ့ လေးကြိုးအလျား Chord Length သတ်မှတ်ပေးဖို့ ဆက်တောင်းနေတာ တွေ့မြင