Posts

Civil 3D Tutorial : Benifets of Using Survey Database in Civil 3D

Image
Civil 3D : How to import point by Two Methods  From Point Creation Tools Civil 3D အတွင်းသို့ ပွိုင့်များထည့်သွင်းရာမှာ အများစုကတော့ မိမိတို့ တိုင်းတာရရှိလာသော ပွိုင့်များကို Home tab > Create Ground Data Panel > Points > Point Creation Tools > Import Point ကနေ တဆင့် ထည့်သွင်းလေ့ ရှိကြပါတယ်။ အဲလိုထည့်သွင်းရာမှာ ရရှိလာတဲ့ ပွိုင့်များကို Cogo point အနေနဲ့ မြင်တွေ့ရပါမယ်။ Points Creation Tools ယူရန် ပြင်ဆင်ပုံ Points Creation Tools မှာ Import Point ကို ခေါ်ယူပုံ From Import Survey Data အဲလို မဟုတ်ပဲ Home tab > Create Ground Data Panel > Import Survey Data ကနေတဆင့်လည်း ထည့်သွင်းနိုင်ပါသေးတယ်။အဲဒီကနေ ထည့်သွင်းတဲ့ပွိုင့်များကိုတော့ Survey Point အနေနဲ့ ရရှိမှာ ဖြစ်ပြီး အလွယ်တကူ နေရာမရွှေ့ပြောင်းနိုင်အောင် ပြုလုပ်ထားတာလည်း တွေ့ရပါမယ်။ ဒါအပြင် Survey Database အသုံးပြုထည့်သွင်းခြင်းဖြင့် Automatic Linework အလိုအလျောက် လိုင်းဆွဲသားနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိလာနိုင်မှာ ဖြစ်ပါတယ်။ ဒီအကြောင်းလေးကို အောက်ပါ ဗီဒီယိုမှာ လေ့လာကြည့်ရအောင်။ မိမိ အားလပ်ချိန်မှာ အလွယ်တကူ လေ့လာနိုင

Civil 3D Tutorials : Using customized template to plot

Image
 ACTC-Myanmar ကနေ ဒီနေ့ တင်ဆင်ပေးချင်တာကတော့ ယခင်ပြုလုပ်ခဲ့ပြီးသား Template ကို ပရင့်ထုတ်ရာမှာ ဘယ်လိုအသုံးပြုရမလဲ ဆိုတာ ဖြစ်ပါတယ်။ အခုပို့စ်မှာ အရင်ပြုလုပ်ထားခဲ့တဲ့ A3 size Plan Profile template . dwt ကို ပရင့်ထုတ်ဖို့အတွက် Plan Profile များ ဆွဲသားရာမှာ လက်တွေ့အသုံးပြုပြထားတာ ဖြစ်ပါတယ်။ ပုံကို အပြီးသတ် ဆွဲပြီးတာနဲ့ ပရင့်ထုတ်ဖို့ အရင်ဆုံး လုပ်ရမယ့်အလုပ်ကတော့ Create View frame ဖန်တီးပေးရတာ ဖြစ်ပါတယ်။ View Frame ဖန်တီးချိန်မှာ မိမိအသုံးပြုလိုတဲ့ template ဖိုင်ကို ခေါ်ယူ သတ်မှတ်ပေးရပါတယ်။ template ဖိုင်မှာ Layout ပါဝင်သလောက်ကို မြင်တွေ့ရွေးချယ်နိုင်မှာပါ။ နောက်တခု သတိထားရမှာက Match Line ဖြစ်ပါတယ်။ ကိုယ်အလိုရှိသလို ရွှေ့ပြောင်းချိန်ညှိနိုင်အောင် သတ်မှတ်သင့် ပါတယ်။ နောက်ဆုံး သတ်မှတ်ပေးရမှာကတော့ Profile View နှင့် Band set ဖြစ်ပါတယ်။ အားလုံး သတ်မှတ်ပေးပြီး Create View frame နှိပ်လိုက်တာနဲ့ Plan ပုံမှာ လေးထောင့်ကွက် View frame များ ပေါ်လာတာ တွေ့ရပါမယ်။ Match Line များကို မိမိလိုချင်တဲ့ station ကွက်တိကျအောင် drag and drop လုပ် ရွှေ့ပေးပါ။ ပြီးရင် View frame တခုကို ကလစ်လ

Civil 3D Tutorials : Create Plan Profile Template For Plotting

Image
ACTC-Myanmr ကနေ အခု တင်ဆက်ပေးလိုက်တာကတော့ မိမိ အသုံးပြုလိုတဲ့ စာရွက်ဆိုဒ်အတိုင်း Plan Profile Template ပြုလုပ်နည်းပဲ ဖြစ်ပါတယ်။ ပုံဆွဲသားခြင်းရဲ့ နောက်ဆုံးရည်မှန်းချက်ကတော့ တည်ဆောက်ရေးအတွက် အသုံးပြုနိုင်မယ့် ပုံစံများကို ပရင့်ထုတ်ယူ နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် Civil 3D မှာ အသင့်ထည့်ပေးထားတဲ့ Plan Only, Plan Profile , Profile Only အစရှိသဖြင့် Template များ ပါသော်လည်း ကျွန်တော်တို့ အများဆုံး အသုံးပြုနေရတဲ့ A3 size အတွက် မပါဝင်တာ တွေ့ရမှာပါ။ ဒါကြောင့် ကိုယ်တိုင်လုပ်ယူနိုင်ဖို့အတွက် A3 Plan Profile Template ပြုလုပ်နည်း နမူနာ တင်ပေး လိုက်ပါတယ်ခင်ဗျာ။ ကိုယ်တိုင်ဖန်တီးယူဖို့အတွက် အလွယ်ဆုံးနည်းကတော့ မူလပါပြီးသား Template ကို မှီငြမ်းပြီး ကိုယ်လိုအပ်ချက်နဲ့ ကိုက်ညီအောင် ပြုပြင်ယူတာပဲ ဖြစ်ပါတယ်။ ဒီအတွက် ကိုယ်အသုံးပြုလိုတဲ့ ယူနစ်နဲ့ Template ဖိုင်တခု ခေါ်ယူပြီး ပြုပြင်သွားမှာ ဖြစ်ပါတယ်။ အရင်ဆုံး ဘယ်ဘက်အပေါ်ထောင့်မှာရှိတဲ့ Application Menu ကနေ New တောင်းပြီး ပေါ်လာတဲ့ Dialog မှာ File of type ကို Drawing Template ( . dwt) ဆိုတာကိုရွေးပါ။ အခု ကျွန်တော်တို့က Plan Profile ၂ ခုစလုံး ပါတာက

Civil 3D Tutorials : Create Arc by Continue

Image
ACTC-Myanmar က Arc ဆွဲသားနည်း တင်ဆက်ပေးလာခဲ့တာ အခုဆို နောက်ဆုံးနည်းဖြစ်တဲ့ Create Arc by Continue နည်းကို ရောက်လာပြီ ဖြစ်ပါတယ်။  အခြေခံဆွဲသားနည်းများသာ ဖြစ်တာကြောင့် တချို့အတွက် ငြီးငွေ့စရာ ဖြစ်နိုင်သော်လည်း အခုမှစလေ့လာနေသူများအတွက်ဖြစ်စေ ၊ နှိုက်နှိုက်ချွတ်ချွတ် သိရှိလိုသူများအတွက်ဖြစ်စေ အကျိုးရှိနိုင်တဲ့အတွက် တင်ဆက်ပေးရခြင်း ဖြစ်ပါတယ်။ အခုနည်းကတော့ ပထမဆွဲထားတဲ့ Arc မျဉ်းကွေးရဲ့ အဆုံးမှတ်ကနေ မိမိအလိုရှိတဲ့ မျဉ်းကွေးကို တိုက်ရိုက်ကလစ်ချ ရေးဆွဲရမှာ ဖြစ်ပါတယ်။ အရင်ဆွဲထားတဲ့ မျဉ်းကွေးရှိမှသာ ဒီနည်းကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 1.          ဒီမှာ မြင်တွေ့ရတာကတော့ Create Arc by Center, Start, Length နည်းတုန်းက ပထမဆွဲထားတဲ့ Chord Length ၂၀’ ရှိ Arc ဖြစ်ပါတယ်။ 2.          ဒီ Arc အဆုံးကနေပြီး ခရုပတ်တခု ဆွဲကြည့်မှာဖြစ်လို့ Home Tab > Draw Panel > Arc Drop-down menu > Continue ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။ 3.          ကလစ်လုပ်ပြီး Command အသက်ဝင်လာတာနဲ့ မူလရှိပြီး

Civil 3D Tutorial : Create Arc by Center, Start, Length

Image
AutoCAD Civil 3D Training Center Myanmar ကနေပြီးတော့ Arc ဆွဲသားနည်းများ တင်ဆက်ပေးလာရာမှာ အခု ဒဿမမြောက်ဖြစ်တဲ့ Center, Start, Length နည်းကို ရောက်ရှိလာပါပြီ။ အခုနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ ဗဟိုမှတ်၊ အစမှတ် နှင့် လေးကြိုးအလျား Chord Length အစရှိသည် တို့ကို သတ်မှတ် ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။ 1.         ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > Center, Start, Length ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.         Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။ 3.         ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် ဗဟိုမှတ်တောင်းနေတာ တွေ့ရပါမယ်။ အလယ်မှာရှိတဲ့ ကြက်ခြေခတ်ပုံစံ ပွိုင့်ကို ဗဟိုမှတ်အဖြစ် ကလစ်ပြီး သတ်မှတ်ပေးပါ။ 4.         ဒါဆို စက်ဝန်းပြတ် အစမှတ်ကို ဆက်တောင်းပါမယ်။ အပေါ်ဆုံး မှာရှိတဲ့ ကြက်ခြေခတ်ပွိုင့်ကို Node Osnap အသုံးပြု ကလစ်လုပ်ပြီး Arc အစမှတ် အဖြစ် သတ်မှတ်ပေးပါ။ 5.         အခုဆိုရင် ကိုယ်ဆွဲချင်တဲ့ Arc ရဲ့ လေးကြိုးအလျား Chord Length သတ်မှတ်ပေးဖို့ ဆက်တောင်းနေတာ တွေ့မြင

Civil 3D Tutorial : နဝမမြောက် Arc ဆွဲသားနည်း Create Arc by Center, Start, Angle

Image
ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး  ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၇ ကြိမ်မြောက် မွေးနေ့နဲ့ တိုက်ဆိုင်စွာပဲ နဝမမြောက် Arc ဆွဲသားနည်း ကို ရေးသားတင်ဆက်ပေးလိုက်ပါတယ်။ ၉ ဂဏန်းကို မြှောက်သည်ဖြစ်စေ၊ ပေါင်းသည်ဖြစ်စေ ရလာတဲ့ အဖြေကို တလုံးတည်း ဖြစ်အောင် ပြန်ပေါင်းရင် ၉ သာ ပြန်ရသောကြောင့် ဗေဒင်ဆရာများက မသေဂဏန်း အဖြစ် တင်စားလေ့ရှိကြပါတယ်။ အဲလိုပဲ ဗိုလ်ချုပ်သည်လည်း ကျွန်တော်တို့ ရင်ထဲမှာ ဘယ်တော့မှ သေဆုံးသွားမှာမဟုတ်ပါဘူးခင်ဗျာ။ အခုနည်းမှာတော့ ကိုယ်ဆွဲသားချင်တဲ့ Arc မျဉ်းကွေးရဲ့ ဗဟိုမှတ်၊ အစမှတ် နှင့် ဗဟိုခံဆောင်ထောင့် တို့ကို သတ်မှတ် ဖော်ပြ ရေးဆွဲရမှာ ဖြစ်ပါတယ်။ 1.       ပထမဦးစွာ Home Tab > Draw Panel > Arc Drop-down menu > Center, Start, Angle ကို ကလစ်လုပ်ပြီး Command ယူလိုက်ပါမယ်။ 2.       Command ကို ကလစ်မလုပ်ခင် icon ပေါ်မှာ မောက်စ် ခဏတင်ထားရင် ဆွဲသားနည်းရဲ့ သရုပ်ဖော်ပုံ ပေါ်လာတာ တွေ့ရပါမယ်။ 3.       ကလစ်လုပ်ပြီး Command အသက်ဝင်လာရင် ဗဟိုမှတ်တောင်းနေတာ တွေ့ရပါမယ်။ အလယ်မှာရှိတဲ့ ကြက်ခြေခတ်ပုံစံ ပွိုင့်ကို ဗဟိုမှတ်အဖြစ် ကလစ်ပြီး သတ်မှတ်ပေးပါ။ 4.       ဒါဆို ဒုတိယအနေနဲ့ စက်ဝန်းပြတ

107th Birthday of General Aung San

Image
 Happy Birthday Our General! We miss you alot of these days! We never FORGET YOUUUU. REST IN PEACE. \_ \_ \_

AutoCAD Civil3D Training Center