Posts

Civil 3D : How To Export and Import Surface as LandXML and DEM Format

Image
Surface တခုကို LandXML သို့မဟုတ် DEM ဖိုင်အဖြစ် Export ထုတ်တာ၊ Import လုပ် အသုံးပြုတာကို လေ့လာရပါမယ်။ ၁။ ဖြစ်ပေါ်လာပုံ နောက်ခံအကြောင်းရင်း တနေ့မှာ ၂၀၂၁ နှောင်းပိုင်းလောက်တုန်းက သင်တန်းတက်ခဲ့ဖူးသူ Phd Candidate သင်တန်းသူတယောက်က လက်ရှိပရောဂျက်မှာ အသုံးပြုဖို့အတွက် DEM ဖိုင်တွေကို Surface အဖြစ် ထည့်သုံးလို့ ရမလားလို့ မေးလာပါတယ်။ ကျွန်တော်ကလည်း ယခင် 2015 လောက်တုန်းက အသုံးပြုခဲ့ဖူးတာမို့ ရပါတယ်လို့ ဖြေလိုက်ပါတယ်။ အသုံးပြုပုံ ပြုနည်းကိုလည်း ပြပေးလိုက်ပါတယ်။ သို့သော်လည်း သူ့အသုံးပြုတဲ့ DEM ဖိုင်က ဘာပြဿနာရှိနေသလဲ မသိဘူး error တက်ပြီး၊ လုပ်မရဖြစ်နေတော့ ကျွန်တော်လည်း ပြန်စစ်ဆေးကြည့်ပေးဖို့ ဖြစ်လာပါတယ်။ ကျွန်တော် ပြန်စစ်ဆေးကြည့်လိုက်ချိန်မှာလည်း သူပြောတဲ့အတိုင်းပဲ ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီတော့ ကျွန်တော်လည်း တော်တော် ဦးနှောက်ခြောက်သွားတယ်။ အရင် အဆင်ပြေနေတာကို အခုကျမှ ဘာလို့ ပြဿနာ ဖြစ်နေရတာလဲပေါ့။ သူပို့ပေးတဲ့ DEM ဖိုင်မသုံးပဲ ကျွန်တော်ဆီမှာရှိတဲ့ နမူနာ DEM ဖိုင်တခု သုံးပြီး လုပ်ကြည့်လိုက်တော့လည်း အဆင်ပြေနေတာ တွေ့ရပြန်တယ်။ ၂။ စိတ်ကူးကြံဆပုံ (Concept) ဒီတော့ သူ့ဖိုင်မှာ ပြဿနာရှိနေတာ သေချာတာမို့ ဖို

Civil 3D : How To Draw 3D Objects Between Two Different Surfaces

Image
မျက်နှာပြင် ၂ ခု ကြားမှာ 3D Objects များ ဘယ်လို ဆွဲသား ဖော်ပြမလဲ? ၁။ ဖြစ်ပေါ်လာပုံ နောက်ခံအကြောင်းရင်း ယခင်တပတ်က သင်တန်းသူတယောက်မေးထားတဲ့ မေးခွန်းလေးရဲ့ အဖြေ အဆက်ဖြစ်ပါတယ်ခင်ဗျာ။ မတူညီတဲ့ မျက်နှာပြင် ၂ ခု အကြားမှာ 3D Objects များ ဆွဲသားတာကို လေ့လာရပါမယ်။ သူ့အမေးထက် ပိုပြီး ဖြေပေးထားတာကတော့ ဆွဲပြီးသား 3D Objects များကို Profile View မှာ ထည့်သွင်းဖော်ပြတာကိုပါ လေ့လာရပါမယ်။ Alignment ဆွဲသားပြီး Sample Line Section View များမှာ ဖော်ပြချင်တယ်ဆိုရင်လည်း ဒီနည်းအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။ ၂။ စိတ်ကူးစိတ်သန်း ကြံဆပုံ (Concept) ယခင်တပတ်က Video မှာ မျက်နှာပြင်အနိမ့်/အမြင့်အတိုင်း ပွိုင့်များ ဖန်တီးယူခဲ့ပြီးတာမို့ ဒီတပတ်မှာတော့ အဲဒါတွေကို အခြေခံပြီး Pile အဖြစ် ဖန်တီးယူမှာ ဖြစ်ပါတယ်။ အရင်ဆုံး Pile size အတိုင်း စက်ဝိုင်းပုံ ဆွဲသားယူမယ်။ ပြီးရင် extrude command အသုံးပြုပြီး မျက်နှာပြင်နှစ်ခုနဲ့ ထိစပ်ပေးမယ်။ နောက် Alignment ဆွဲသားပြီး Profile View မှာ ထည့်သွင်း ဖော်ပြပေးမယ်။ ၃။ ဆက်လက်ကြည့်ရှုရန် ၄။ သင်တန်းတက်ရောက်လိုပါက Civil 3D  ဆော့ဝဲလ် အသုံးပြုပြီး ပုံထုတ်တော့မယ်ဆိုရင် မသိမဖြစ် အရေးပါ

Civil 3D : How To Get Point Elevation Matching To Surface

Image
Surface Elevation နဲ့ ကိုက်ညီသော ပွိုင့်တွေ ဘယ်လိုဖန်တီးယူမလဲ ၁။ ဖြစ်ပေါ်လာပုံ နောက်ခံအကြောင်းရင်း သင်တန်းသူတယောက်ရဲ့ မေးခွန်းလေးကို ဖြေထားတာ ဖြစ်ပါတယ်ခင်ဗျာ။ Pile Top Level တွေကို အနိမ့်အမြင့် မညီတဲ့အတိုင်း ဆွဲလို့ ရလားလို့ မေးလာပါတယ်။ Pile Cut Off Level တွေက အများအားဖြင့် ညီတတ်တော့ ဘာအတွက်လဲ မေးကြည့်ရာမှာသူက Sea Bed အောက်မှာ ပိုင်ရိုက်နေတဲ့ဖြစ်တဲ့အတွက် သဘာဝပင်လယ်ကြမ်းပြင်က အနိမ့်အမြင့် မညီတော့ အဲဒီ Sea Bed Level မညီတဲ့အတိုင်း 3D ဆွဲပြချင်လို့ပါလို့ ဆိုပါတယ်။ ၂။ စိတ်ကူးစိတ်သန်း ကြံဆပုံ (Concept) ဒီတော့ ပထမအဆင့်အနေနဲ့ Surface Elevation အတိုင်း ပွိုင့်တွေဖန်တီးဖို့ လိုလာပါတယ်။ ဒါကြောင့် ဒီ video လေးမှာ မိမိဆွဲသားထားတဲ့ surface ရဲ့ နိမ့်/မြင့်တန်ဖိုးအတိုင်း ပွိုင့်ဖန်တီးထုတ်ယူပုံကို လေ့လာရပါမယ်။ အဲလိုပွိုင့်ရလာပြီဆိုရင် မိမိလိုအပ်သလို အသုံးချနိုင်ပါတယ်။ ဘာတွေ သုံးလို့ရမလဲဆိုတော့ Design Level ထုတ်ပေးတာ၊ Existing Level ပြသတာမျိုး အပြင် တခြားမိမိပြသလိုတဲ့ ပုံများကိုလည်း ဖန်တီးနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။ ၃။ ဆက်လက်ကြည့်ရှုရန် ၄။ သင်တန်းတက်ရောက်ဖို့ စိတ်ဝင်စားပါက Civil 3D ဆော့ဝဲလ် အသုံးပြုပြီး

Civil 3D : Editing Surface Contour with Surface Point

Image
ACTC MYANMAR မှာ သင်တန်းတက်နေတဲ့ သင်တန်းသားတယောက်ရဲ့ မေးခွန်းလေး ဖြစ်ပါတယ်။  သူက ဘယ်လိုမေးထားလဲဆိုတော့ ပွိုင့်အားလုံးကိုလည်း Surface ဖွဲ့ရာမှာ ပါစေချင်တယ်။ သို့သော်လည်း အမြင့်ဆုံးကွန်တိုလိုင်းတန်ဖိုးကို သူလိုချင်တဲ့ တန်ဖိုးအထိပဲ ကွန်တိုရစ်ချင်တယ်လို့ ပြောထားပါတယ်။ ပုံမှန်အားဖြင့်တော့ ဒါကို ပြုလုပ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် အနည်းငယ် ဉာဏ်ကစားဖို့ လိုလာပါတယ်။ ပွိုင့်အားလုံးနဲ့ ကွန်တိုရစ်ပြီး ပြန်လည်ပြင်ဆင်မှသာ သူလိုချင်သလို ရရှိမှာ ဖြစ်ပါတယ်။ အခု Surface Point Edit အကြောင်း အောက်က video လေးမှာမြည်းစမ်းလေ့လာကြည့်ရအောင်။ Gmail account တခု ရှိရုံနဲ့ အားလပ်ချိန်မှာ မိမိကိုယ်တိုင် ဝင်ရောက်လေ့လာသင်ယူနိုင်မယ့် သင်တန်းလေးတွေ အကြောင်းလည်း အောက်မှာ ရှင်းပြထားပါတယ်။ Civil 3D ဆော့ဝဲလ် အသုံးပြုပြီး ပုံထုတ်တော့မယ်ဆိုရင် မသိမဖြစ် အရေးပါတဲ့ အရာတွေကို ဦးစားပေး သင်ကြားထားတဲ့ Essential Road Design သင်တန်းမှာ ပါဝင်တဲ့ အကြောင်းအရာများကို   https://www.actcmyanmar.com/.../civil-3d-training-road...   မှာ ဝင်ကြည့်နိုင်ပြီး မိမိအားလပ်ချိန်၊ အဆင်ပြေတဲ့ အချိန် လေ့လာသင်ယူနိုင်တဲ့ ဒီအတန်းရဲ့ Learn at self-paced Go

Civil 3D Training (Road Design Essential Course)

AutoCAD Civil 3D Training Center - Myanmar   ကနေပြီး  AutoCAD Civil 3D 2018 Version   ကို အသုံးပြုလျှက်   Online Class   ဖွင့်လှစ်သင်ကြားပေးနေပါတယ်ခင်ဗျာ။  ဘယ်သူတွေ တက်သင့်လဲ? More Prefer for Civil Engineer, Surveyor , Quantity Surveyor or Estimator Civil Engeinnering  နယ်ပယ်ဖြစ်တဲ့ လမ်းလုပ်ငန်း၊ မြို့ကွက်ဖော်ထုတ်ခြင်းလုပ်ငန်း ၊ ဆည်မြောင်းတာတမံ ရေစီးရေလာလုပ်ငန်း ၊ မြေသားလုပ်ငန်းတွက်ချက်ခြင်းတို့ အတွက် များစွာအသုံးဝင်တဲ့ အတွက်  လမ်းဖောက်လုပ်ရေးအင်ဂျင်နီယာများ ၊  ဆည်မြောင်း နဲ့ မြေတိုင်းပညာရှင်များ  တက်ရောက်ကြတာ များပါတယ်။  Dredging Volume  တွက်ဖို့ဆိုပြီး စင်ကာပူ သင်္ဘောကျင်း မှာ အလုပ်လုပ်နေတဲ့ မြန်မာအင်ဂျင်နီယာတယောက်လည်း လာတက်ခဲ့ပါတယ်။  irregular shape  ဖြစ်တဲ့ မြေကြီးလုပ်ငန်းတွက်ချက်ရာမှာ အများကြီး လွယ်ကူလျင်မြန်တာကြောင့်  မြို့ပြလုပ်ငန်းနှင့် ဆက်နွယ်နေတဲ့  Quantity Surveyor  များလည်း တက်ရောက်သင့်ပါတယ်။ ဂျပန်မှာ အလုပ်လုပ်ကိုင်နေတဲ့  မြန်မာအင်ဂျင်နီယာများကတော့ လမ်းလုပ်ငန်းခွင်လိုအပ်ချက်အရ တက်ရောက်သင်ကြားကြပါတယ်။  ဘယ်လို သင်ကြားရမှာလဲ? Google Classroom  ကို အသုံးပြုထားတာ ကြောင့် အင်တာနက

AutoCAD Civil3D Training Center